Main menu

ဇေယျာသီရိဈေး၌ ငှက်စွပ်မှိုဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အလေ့ ကျပေါက်လေ့ရှိသော ငှက်စွပ်မှိုများကို ကျေးရွာအတွင်းရှိ မှိုရှာရွာသူ/သားများမှ ဇေယျာသီရိဈေး အတွင်းသို့ စက်တင်ဘာလ(စတုထ္တပတ်)မှစတင်၍ ဝင်ရောက်ရောင်းချကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ငှက်စွပ်မှို (၁) ပိဿာလျှင် ကျပ်(၂၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ပေါ်စအချိန် စက်တင်ဘာလ(စတုထ္တပတ်)တွင် (၁)ပိဿာ လျှင် ကျပ်(၃၅၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ကျပ်(၁၅၀၀၀) ခန့် ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ယခုအချိန်  တွင် မြို့ပတ်ဝန်းကျင် ရှိကျေးရွာများ၌ ရာသီစာငှက်စွပ်မှိုများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသော ကြောင့် ဈေးနှုန်းမှာကျဆင်း လာခြင်းဖြစ်ကြောင်း၊ ရာသီစာဖြစ်သည့်အတွက် လူကြိုက်များပြီး အရောင်းအဝယ်မှာ သွက်လျက် ရှိကြောင်းသိရသည်။

DOCA(မကွေး)