Main menu

အထက်မင်းလှမြို့၌ ကြက်ဥဈေးနှုန်းဆက်လက်မြင့်တက်

Powered by Drupal

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း မရှိသည့်အတွက် မန္တလေးမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။ 

            ဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊  အောက်တိုဘာလ(ဒုတိယပတ်)တွင် ကြက်ဥဈေးနှုန်းမြင့် တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကြက်ဥအလုံးအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၀၀၀-၄၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျပ်(၄၂၀၀-၄၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀-၃၀၀)ခန့် ဈေးတက် ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မွေးမြူးရေးကြက်ခြံများ၌ ကြက်စာဈေးနှုန်းကြီးမားခြင်းနှင့် သယ်ယူစရိတ်မြင့်မားလာခြင်းတို့ကြောင့် ကြက်ဥဈေးနှုန်းမှာဆက်လက်မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)