Main menu

အစိုးရ၏ စိုက်ပျိုးရေးစီမံကိန်းသည် အလုပ်အကိုင် ၁.၆ သန်းဖန်တီးပေးနိုင်ကြောင်း အင်ဒိုနီးရှားဝန်ကြီးပြောကြား

Powered by Drupal

             အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က အစိုးရ၏ စိုက်ပျိုး မြေနှင့် ဥယာဉ်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်သည် ၂ နှစ်အတွင်းအလုပ်အကိုင် ၁.၆ သန်း ဖန်တီးပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတနန်းတော်တွင် အောက်တိုဘာလ ၈ ရက်နေ့ ကကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ထိုပရိုဂရမ်ကို ဘက်ဂျက် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ပတ်လည်အသုံးပြု၍ အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ပရိုဂရမ်အောက်တွင် ဘက်ဂျက်ကို အဓိကအားဖြင့် စိုက်ပျိုးရေးသမားများကို မျိုးစေ့နှင့် ပျိုးပင် များအခမဲ့ပေးရန် အသုံးပြုသွားမည်ဖြစ်ပြီး ကိုကိုး၊ ကော်ဖီ၊ အုန်းသီး၊ သီဟိုဠ်ပင်နှင့် ကွမ်းသီးပင် တို့ကို စုစုပေါင်းစိုက်ခင်းဧရိယာဟတ်တာ ၈၀၀၀၀၀ စိုက်ပျိုးသွားမည်ဟု သိရပါသည်။ ဝန်ကြီးက အစိုးရသည်တန်ဖိုးမြှင့်ထုတ်ကုန်များမြင့်တက်ရန်၊ အလုပ်အကိုင်များဖန်တီးပေးရန်နှင့် လူမှုဖူလုံ ရေးအရှိန်မြှင့်တင်ရန် ဗျူဟာမြောက်ခြေလှမ်းတစ်ရပ်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အပြီးသတ် ကုန်ထုတ်လုပ်ငန်းအားကောင်းရန် ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။ အုန်းသီးပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းသည်စီးပွားရေးအလားအလာကြီးမားပြီး အုန်းသီးကို အုန်းဆီအဖြစ် ပြုပြင်ထုတ်လုပ်ပါက ဈေးနှုန်းကို အဆ ၁၀၀ ထိမြှင့်တင်ပေးနိုင်ကြောင်း သိရပါ သည်။ အုန်းသီးအပြင် အစိုးရသည် Gambier ပြုပြင်ထုတ်လုပ်ရန်ပြင်ဆင်နေပြီး အင်ဒိုနီးရှားသည် ကမ္ဘာ့ gambier လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကို ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားသည် စားအုန်းဆီကို ဘိုင်အိုလောင်စာ၊ ဟင်းချက်ဆီနှင့် margarine (ဟင်းရွက်အဆီခဲ) ကဲ့သို့ထုတ်ကုန်များအဖြစ်သို့ ပြုပြင်ထုတ်လုပ်သွားမည်ဟု Sulaiman ၏အဆို အရ သိရပါသည်။

     DOCA (ရန်ကုန်)