Main menu

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်းသိရပါသည်။ အောက်တိုဘာလ ဒုတိယပတ် တွင်ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းကျပ်၄၅၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၀၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၅၈၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၅၈၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၅၉၂၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၂၅၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၂၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၂၀၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၄၀၀၀-၇၅၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်း ကျပ် ၄၅၀၀၀-၄၇၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၈၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၇၃၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၈၀၀၀-၅၀၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၇၀၀၀၀-၇၅၀၀၀-၈၀၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၇၀၀၀-၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၄၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၃၇၀၀၀-၄၀၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ် တင်း ကျပ် ၁၇၂၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၆၀၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၈၅၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေး နှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၇၅၀၀၀၊ နှမ်းနက် တစ်တင်း ကျပ် ၇၂၀၀၀-၈၀၀၀၀-၉၀၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၇၅၀၀၀-၈၅၀၀၀-၈၉၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၄၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၅၅၀၀၊ မြေပဲလုံး ဆံဖြူ တစ် ပိဿာကျပ် ၅၃၀၀-၅၄၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၂၇၅၀-၂၈၅၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၂၀၅၀-၂၁၅၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၇၅၀ ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

         ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဆီထွက်သီးနှံဖြစ်သော မြေပဲလုံးဆံ ဈေးနှုန်းများနှင့် တရိစ္ဆာန် အစားအစာများဖြစ်သော ပဲဖတ်ဈေးနှုန်းများ အနည်းငယ်ဈေးတက်နေပြီး၊ ကျန်သီးနှံဈေးနှုန်းများ ဈေးအေးနေခဲ့ပါသည်။

DOCA(စစ်ကိုင်း)