
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သံပုရာချဉ်၊ သရက်ချဉ်နှင့် သရက်သီးကုလားတည်ချဉ်စသည့် လက်လုပ်ချဉ် များကိုကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်များ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”၌ သရက်သီး ကုလားတည်ချဉ် လက်လီတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ လက္ကားတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် စားသုံးသူများ၊ ဒံပေါက်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း၊ နှမ်းပတ်ချဉ် လက်လီတစ်ပန်းကန်လျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရသည်။
DOCA (စစ်ကိုင်း)
