
မုန့်ကျွဲသည်းသည် မြန်မာ့ရိုးရာအစားအစာဖြစ်ပြီး မုန့်ကျွဲသည်းကို လူမျိုးဘာသာမရွေး စားသုံးကြသော အစားအစာဖြစ်သည်။ ဆန်ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်မျိုးဖြစ်သည်။ မုန့်ကျွဲသည်းများကို ဆန်မှုန့်၊ ထန်းလျက်(သို့မဟုတ်)သကြား၊ ဆီ၊ ဆား၊ ထုံးရည်ကြည်တို့ဖြင့် ကျိုချက်ရကြောင်း၊ ထန်းလျက်ဖြင့် ကျိုချက်ပါက အညိုရောင်ရရှိပြီး သကြားဖြင့်ကျိုချက် ပါကအဖြူရောင်ကိုရရှိကြောင်း၊ အုန်းသီးအဖက်ကလေးများကို အပေါ်မှဖြူးပေးရကြောင်း သိရှိရပါသည်။ ကန့်ဘလူမြို့၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော မုန့်ကျွဲသည်းဈေးနှုန်းမှာ မုန့်ကျွဲသည်း(၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ မုန့်ကျွဲသည်း(၅၀)ကျပ်သား လျှင်(၄၈၀၀)ကျပ်၊ မုန့်ကျွဲသည်း(၁)ပိဿာလျှင်(၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊မုန့်ကျွဲသည်းသည် အာဟာရဖြစ်သောမုန့် တစ်မျိုးဖြစ်သဖြင့် ကလေး၊လူကြီးမရွေးကြိုက် နှစ်သက်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
