
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသားတုနှင့် ကြွက်နားရွက်မှိုခြောက်တို့ကို ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ရောင်းချနေသော အသားတုနှင့် ကြွက်နားရွက်မှိုခြောက်ဈေးနှုန်းတို့မှာ အသားတု(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ကြွက်နားရွက်မှိုခြောက်(၁)ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသားတုနှင့် ကြွက်နားရွက်မှိုခြောက်များကို ကြာဇံချက်ဆိုင်များ၊ အကင်ဆိုင်များနှင့် တုတ်ထိုးဆိုင်များမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စုံဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
