Main menu

အထက်မင်းလှမြို့၊ ဇေယျသီရိဈေး၌ မုန်လာဥဖြူဈေးကောင်းရလျက်ရှိ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် ညောင်ပင်သာ၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော် စသည့် ကျေးရွာများနှင့် မြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းရွာကျေးရွာတို့မှ ထွက်ရှိသည့် မုန်လာဥဖြူများသည် အောက်တိုဘာလ (တတိယပတ်)တွင် စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် မုန်လာဥဖြူ(၅)ခုပါ (၁)တွဲလျှင် ကျပ် (၁၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက်ရှိပြီး ဈေးကွက်အတွင်း၌ အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)