Main menu

တူရကီပို့ကုန်လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံ၏ လာမည့်သွင်းကုန်ကုန်စည်ပြပွဲတွင် အခွင့်အလမ်းသစ်များကို မျက်စိကျလျှက်ရှိ

Powered by Drupal

           တူရကီပို့ကုန်လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံတွင် ၎င်းတို့၏ခြေရာကို ချဲ့ထွင်ရန် မျှော်လင့် ချက်ကြီးမားစွာဖြင့် လာမည့် China International Import Expo (CIIE) တွင် ၎င်းတို့၏ ထုတ်ကုန် များနှင့် ဝန်ဆောင်မှုများကို ခင်းကျင်းပြသရန် ပြင်ဆင်လျှက်ရှိကြောင်းသိရသည်။ ယခုနှစ် ကုန်စည် ပြပွဲကို ၂၀၁၈ ခုနှစ်မှ စတင်ကာ အဋ္ဌမအကြိမ်အဖြစ် ရှန်ဟိုင်း၌ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး ကမ္ဘာတစ်ဝှမ်းမှ ထောင်နှင့်ချီသော ပြပွဲပြသသူများ ပါဝင်လာကြမည်ဖြစ် သည်။ တူရကီနိုင်ငံ၏ ပါဝင်မှုသည် အစားအသောက်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများမှ ခိုင်မာသောစွမ်းဆောင်ရည်ကိုကိုယ်စားပြု ပြသသွားမည်ဖြစ်သည်။ "CIIE သည် တရုတ်လုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်ကာ ရေရှည်တည်တံ့သော ပို့ကုန်လမ်းကြောင်းများ တည်ဆောက်ရန် ကျွန်ုပ်တို့အတွက် တံခါးပေါက်တစ်ခု ဖြစ်လာသည်" ဟု Tayas မုန့်များနှင့် အစားအသောက်ထုတ်ကုန်ကုမ္ပဏီ အရောင်းမန်နေဂျာ Dursun Ay မှ ပြောကြားခဲ့သည်။ ၎င်း၏ ကုမ္ပဏီသည် တရုတ်စားသုံးသူစိတ်ကြိုက်ဖြစ်ရန် ထုပ်ပိုးမှုဒီဇိုင်းနှင့် ထုတ်ကုန်လိုက်လျောညီထွေ ဖြစ်အောင် အာရုံစိုက်ပြီး ကုန်စည်ပြပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း Ay မှ ပြောကြားခဲ့သည်။ သကြားပါဝင်မှုနည်းသော သစ်သီးအရသာ သကြားလုံးများနှင့် ချောကလက်များကို တရုတ်စားသုံး သူများ ပိုမိုနှစ်သက်ကြသည့်အတွက် ၎င်းအတွက်လည်းအထူးအစီအစဥ်ကို ပြသသွားမည်ဖြစ် ကြောင်း၊ တရုတ်စားသုံးသူများ ပိုမိုနှစ်သက်လာစေရန်အတွက် ထုတ်ကုန်တံဆိပ်များ အားလုံးကို တရုတ်ဘာသာသို့ ပြန်ဆိုထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ပြပွဲတွင် တူရကီ၏ပါဝင်မှုကို ကုမ္ပဏီပေါင်း ၇၅၀၀ ကျော်ကို ကိုယ်စားပြုသော Aegean Exporters' Associations မှ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး မကြာသေးမီနှစ်များအတွင်း နိုင်ငံအလိုက် ကိုယ်စားလှယ်အဖွဲ့များကို တရုတ် နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါအသင်းမှ တာဝန်ရှိသူ Serap Unal က အဆိုပါပွဲသည် နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ မဟာဗျူဟာမြောက် အခွင့်အလမ်းကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။ "တရုတ်သည် တူရကီနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်များထဲတွင်ရှိနေပြီဖြစ်သော်လည်း၊  အလား အလာသည်အပြည့်အဝ အကောင်အထည်ဖော်ရန် အလှမ်း ဝေးနေဆဲဖြစ်ကြောင်း Unal မှ ဆင်ဟွာ သို့ပြောကြားခဲ့သည်။ ယခုနှစ် တူရကီအခင်းအကျင်းတွင် ကုမ္ပဏီပေါင်း ၂၀ ခန့် လက်ခံကျင်းပမည် ဖြစ်ပြီး အများစုမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တရုတ်ဈေးကွက်သို့ ဝင်ရောက် ရန် စိတ်အားထက်သန်နေကြောင်း Unal က ပြောကြားခဲ့သည်။ တူရကီနိုင်ငံသည် အစားအသောက် နှင့် အဖျော်ယမကာများ၊ သဘာဝထုတ်ကုန်များ၊ အထည်အလိပ်နှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများအပါအဝင် ပြင်းထန်သော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကဏ္ဍများကို အာရုံစိုက်နေ ကြောင်း သူမက ပြောကြားခဲ့သည်။ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများအတွက် ကုန်စည်ပြပွဲသည် ကြီးမားသော အခွင့်အလမ်းများကို ဖွင့်လှစ်ပေးနိုင်သည်။ တူရကီနှင့် တရုတ်နိုင်ငံတို့ အကြား ကုန်သွယ်မှု စီးဆင်းမှု တိုးလာသည်နှင့်အမျှ ကုမ္ပဏီများသည် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းများ ရွှေ့ပြောင်းရန် ပိုမိုထိရောက်ပြီး ယုံကြည်စိတ်ချရသော နည်းလမ်းများကို ရှာဖွေနေကြသည်။ ကုန်စည်ပို့ဆောင်မှုသည် ကုန်သွယ်မှု၏ မမြင်နိုင်သော ကျောရိုးဖြစ်သည်" ဟု Oba Logistics မှ Suat Oba က ပြောကြားခဲ့သည်။ ခေတ်သစ်ပိုးလမ်းမတစ်လျှောက် တူရကီ၏ မဟာဗျူဟာမြောက် တည် နေရာသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးများပေး ကြောင်း Oba မှ ရှင်းပြခဲ့သည်။ Aegean Exporters' Associations ၏အဆိုအရ တူရကီစီးပွားရေး လုပ်ငန်းများ၊ အထူးသဖြင့်တရုတ်စီးပွားရေးလုပ်ငန်းအသစ်များအတွက်၊ ကုန်စည်ပြပွဲသည် ထိတွေ့မှု သာမက စားသုံးသူအမူအကျင့်၊ ဖြန့်ဖြူးရေးလမ်းကြောင်းများနှင့် စည်းမျဉ်းစည်းကမ်း ဘောင်များ ဆိုင်ရာ ထိတွေ့မှုသာမက တန်ဖိုးရှိသော ထိုးထွင်းသိမြင်မှုများကိုပါ ပေးဆောင်နိုင်ကြောင်းသိရ သည်။ "တူရကီပို့ကုန်လုပ်ငန်းရှင်များအတွက်၊ ဤဖိုရမ်သည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး တိုးတက် နေသော စားသုံးသူအခြေစိုက်ရာ သို့မဟုတ် ၎င်းတို့၏အကောင်းဆုံးကို တင်ပြရန် အဖိုးတန် အခွင့် အရေး တစ်ရပ်ဖြစ်ကြောင်း Ay က ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)