
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။
ယခု အောက်တိုဘာလ တတိယအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး ဈေးနှုန်း အနေဖြင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး အကြီးတစ်တောင့်လျှင်(၈၀၀)ကျပ်၊ (၂)တောင့်လျှင်(၁၅၀၀)ကျပ်၊ အလတ် တစ်တောင့်လျှင်(၅၀၀)ကျပ် နှင့် အသေး တစ်တောင့်လျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)တောင့် တို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် သခွားသီး အကြီး (၁)လုံးလျှင်(၈၀၀/၁၀၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)
