Main menu

၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် RCEP နိုင်ငံများအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၉.၅ ဘီလီယံ သို့ရောက်ရှိ

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP အဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် အမေရိကန်ဒေါ်လာ ၂၉.၅ ဘီလီယံ သို့ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၁၅.၅ ရာခိုင်နှုန်း တိုးလာကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့ ထုတ်ပြန်သော အစိုးရ၏ တရားဝင် အစီရင်ခံစာအရ သိရှိရပါသည်။

          ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း RCEP အဖွဲ့ဝင်နိုင်ငံများသို့ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇.၄၃ ဘီလီယံ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလ ထက် ၁၀ ရာခိုင်နှုန်တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြုစုထားသည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          RCEP အဖွဲ့ဝင်နိုင်ငံများ၏ တင်သွင်းမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂.၀၇ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ၁၇ ရာခိုင်နှုန်း‌ကျော်တိုးလာခဲ့ပါသည်။ RCEP သည် ကမ္ဘောဒီးယားအတွက် အဓိက ဈေးကွက်တစ်ခုဖြစ်ပြီး ယခုနှစ် ပထမ ၉ လအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ၆၁.၆ ရာခိုင်နှုန်း ရှိပါသည်။ RCEP ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်ဖက် ၅ နိုင်ငံမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ စင်္ကာပူနိုင်ငံ တို့ဖြစ်ပါသည်။

          ၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော RCEP တွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ၊ အာရှ - ပစိဖိတ်နိုင်ငံ ၁၅ နိုင်ငံနှင့် ၄င်းတို့၏ ကုန်သွယ်ဖက် ၅ နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)