Main menu

စားအုန်းဆီကြမ်းခင်းစျေးသည် ၂၀၂၆ ခုနှစ်တွင် ၁ တန်လျှင် ရင်းဂစ် ၄၄၀၀ အထက် ထိန်းထားနိုင်မည်ဟု မ‌လေးရှားနိုင်ငံ စားအုန်းဆီကောင်စီ (MPOC) မှ ပြောကြား

Powered by Drupal

     မလေးရှားနိုင်ငံစားအုန်းဆီကောင်စီ MPOC သည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ၂၀၂၆ ခုနှစ်တွင် ဘိုင်အိုဒီဇယ်ဝယ်လိုအားနှင့် ပြည်ပတင်ပို့မှုစတော့ မတည်ငြိမ်မှုများကြောင့် စားအုန်းဆီ ၁ တန်စျေးနှုန်းသည် ရင်းဂစ် ၄၄၀၀ အထက်တွင် တည်ငြိမ်လျက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့ပါသည်။ အာဂျင်တီးနားနိုင်ငံမှ ပဲပုပ်ဆီထောက်ပံ့မှုတင်းကြပ်ခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၏ B-50 ဇီဝဒီဇယ်လုပ်ပိုင်ခွင့် သိုလှောင်မှုအပေါ် စိုးရိမ်ပူပန်မှုသည် စားအုန်းဆီ စျေးအပေါ် အထောက် အပံ့ဖြစ်စေကြောင်း ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ၎င်းကောင်စီက မေလတွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ပဲပိစပ်တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် အမေရိကန် နိုင်ငံတွင် ပဲပိစပ်စတော့များသည် ရိတ်သိမ်းရာသီ စတင်ချိန်ကတည်းကပင် မြင့်တက်လျက်ရှိ ကြောင်းနှင့် တရုတ်နိုင်ငံသည် ယခုအခါတွင် ပဲပိစပ်များကို တောင်အမေရိကမှ အဓိကတင်သွင်း လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းကောင်စီကထပ်မံ၍ ပြည်တွင်းဇီဝလောင်စာလိုအပ်ချက် ကြောင့် အမေရိကန်နိုင်ငံနှင့် ဘရားဇီးနိုင်ငံတို့မှ ပဲပိစပ်တင်ပို့နိုင်မှု ပမာဏသည် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၂.၇ သန်းတင်ပို့ခဲ့ရာမှ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၁.၆ သန်း ခန့်သို့ ၄၁ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသဖြင့် ကမ္ဘာလုံးဆိုင်ရာ ဟင်းသီးဟင်းရွက်ဆီဝယ်လို အားများကို နေကြာဆီပေါ်တွင် များစွာမှီခိုရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းကောင်စီက စားအုန်းဆီသည် ကမ္ဘာလုံးဆိုင်ရာစျေးကွက်တွင် ဧပြီလနှင့် စက်တင်ဘာလ အတွင်းတွင် လျော့စျေးဖြင့် ရောင်းချခဲ့သော်လည်း  ပဲပိစပ်ထက်ပိုမို ရောင်းအားကောင်းလျက်ရှိ ကြောင်းနှင့် အောက်တိုဘာလအလယ်တွင် စားအုန်းဆီ ၁ တန်တန်ဖိုးသည် ပဲပိစပ်ဆီထက် ၄၂ ဒေါ်လာ နှင့် ၂၆ ဒေါ်လာခန့် ပိုမိုမြင့်တက်လျက်ရှိကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

Source: The Star                                                                       

DOCA (ရန်ကုန်)