Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရှင်မတောင် သနပ်ခါးတုံး ဈေးနှုန်း

Powered by Drupal

  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်ချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅  ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ ရှင်မတောင်သနပ်ခါးဈေးနှုန်းမှာ ရှင်မတောင်သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး (၁)တုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်(၁)တုံးလျှင် (၃၅၀၀ မှ ၃၀၀၀) ကျပ်ဈေးနှင့် အသေး (၁)တုံးလျှင် (၂၅၀၀မှ၂၀၀၀) ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည် (၇၀၀ မှ ၁၀၀၀) ကျပ်ထိ ‌ဈေးနှုန်းအသီးသီးတိုဖြင့်  အရွယ်အစား အမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)