Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

  အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ်(တစ်တုံး ထဲသား)လက္ကားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင်(၈၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၇၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ယခင် အပတ်ထက် အမဲသားဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)