Main menu

ဥဇဘက်ကစ္စတန်၏ နိုင်ငံခြားကုန်သွယ်မှု ပထမ ၉ လအတွင်း ၂၂.၉ ရာခိုနှုန်း မြင့်တက်

Powered by Drupal

      ဥဇဘက်ကစ္စတန်၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ - စက်တင်ဘာလ အတွင်း ၂၂.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းဌာနက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ကိုးလတာကာလအတွင်း ဥဇဘက်ကစ္စတန်၏ နိုင်ငံခြားကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၅၉.၈ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၁.၄ ဘီလီယံ သို့မဟုတ် ၂၂.၉ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။

          တင်ပို့မှုသည် ဒေါ်လာ ၂၆.၆၈ ဘီလီယံ သို့‌ ရောက်ရှိခဲ့ပြီး တင်သွင်းမှု စုစုပေါင်းမှာ ဒေါ်လာ ၃၃.၁၁ ဘီလီယံ ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

          စက်တင်ဘာလတွင် ဥဇဘက် သမ္မတ Shavkat Mirziyoyev က ဥဇဘက်ကစ္စတန် နိုင်ငံသည် ၂၀၃၀ တွင် အလယ်အလတ်ဝင်ငွေရှိသော အထက်တန်းနိုင်ငံများ၏ အဆင့်တွင် ပါဝင်ရန် ရည်မှန်း ထားကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)