Main menu

ဆန်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စင်ကာပူနှင့် ထိုင်းဆွေးနွေး

Powered by Drupal

     ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun သည် ထိုင်း-စင်ကာပူ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းတို့ မြှင့်တင်ရန် စီစဉ်လျက်ရှိရာ အထူးသဖြင့် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဆောင်ရွက်သွား မည်ဖြစ်သည်။

          အဆိုပါကိစ္စကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် စင်ကာပူ ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီး Gan Kim Yongနှင့် ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်းဒီဂျစ်တယ်စီးပွားရေး ချဲ့ထွင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း၊ ဆန်ကုန်သွယ်ရေးသဘောတူညီချက် တစ်ရပ်ကိုလည်း ချုပ်ဆိုခဲ့ကြောင်း Ms Suphajee က ပြော ကြားခဲ့သည်။

          Ms Suphajee က ဒေသတွင်း ဒီဂျစ်တယ်စီးပွားရေးကို အထောက်အပံ့ပြုမည့် အာဆီယံ ဒီဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (DEFA) ကိုလည်း ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိ ကြောင်း၊ စင်ကာပူနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ထိုင်းနိုင်ငံဘက်မှ အသင့်ရှိနေသည် ကို အလေးပေးဖော်ပြရန်အတွက်လည်း ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

          ထိုင်းနိုင်ငံသည် စင်ကာပူ၏ လိုအပ်ချက်များကိုသာမက ကမ္ဘာတစ်ဝန်းရှိ အခြားစျေးကွက် များသို့ပါ ချဲ့ထွင်နိုင်သည့် အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရန် အလားအလာ ရှိ ကြောင်း၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့ရေးနှင့် အဆိုပါ နှစ်နိုင်ငံလုံး ၏ အစားအစာဖူလုံရေးတို့အတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်သည့် ဆန်ကုန်သွယ်ရေး သဘော တူညီချက်ကို ချုပ်ဆိုပြီးဖြစ်ကြောင်း၊ အဆိုပါသဘောတူညီချက်၏ သိသာထင်ရှားသော ရလဒ်များ ကို လာမည့်လအတွင်း မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် DEFA နှင့်ပတ်သက်၍ ညှိ နှိုင်းရေး ဆွေးနွေးပွဲ၏ ဥက္ကဋ္ဌအဖြစ် အဆိုပါမူဘောင်အား အကောင်အထည်ဖော်ရာတွင် စင်ကာပူ ၏ ကူညီပံ့ပိုးမှုကို တောင်းခံခဲ့ကြောင်း Ms Suphajee က ပြောကြားခဲ့သည်။

          DEFA သည် ယခုနှစ်အတွက် အာဆီယံ၏ အဓိကစီးပွားရေးအစီအစဉ်များအနက် တစ်ခုဖြစ် ကြောင်း၊ အဆိုပါသဘောတူညီချက်သည် အာဆီယံအတွင်း ဒီဂျစ်တယ်ချိတ်ဆက်မှုများ ဖန်တီး ပေးပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများနှင့် စာရွက်စာတမ်း အသုံးမပြုသော ကုန်သွယ်ခြင်းများ ကို အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံနှင့် အာဆီယံ၏ ကုန်သွယ်မှု ယှဉ် ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည့်အပြင် စီးပွားရေးကဏ္ဍတွင် ဒီဂျစ်တယ်ကုန်သွယ်မှုဆီသို့ ရှေ့ဆက် နိုင်မည့် အထောက်အပံ့တစ်ခုဖြစ်ကြောင်း Ms Suphajee က မှတ်ချက်ပြုခဲ့သည်။

          ၂၀၂၄ ခုနှစ်တွင် ထိုင်း-စင်ကာပူ နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၇.၇ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် စင်ကာပူသို့ ဒေါ်လာ ၁၀.၃၆ ဘီလီယံတန်ဖိုးရှိသော ကုန်စည်များတင်ပို့ခဲ့ပြီး ဒေါ်လာ ၇.၄၀ ဘီလီယံတန်ဖိုးရှိသော ကုန်စည် များကို တင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂.၉၇ ဘီလီယံ ရှိခဲ့ကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

          ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်ကထက် ၆.၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၁၂.၁၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ထိုင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇.၂၁ ဘီလီယံအထိ ၁၂.၅၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စင်ကာပူမှ တင်သွင်းမှု သည် ၁.၈၁ ရာခိုင်နှုန်း လျော့ကျကာ အမေရိကန်ဒေါ်လာ ၄.၉၂ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

Source: Bangkok Post, 24 Oct 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)