
တောင်ကိုရီးယားနိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဈေးနှုန်းများသည် နေအိမ်သုံး လျှပ်စစ်နှင့် စက်မှုလုပ်ငန်းသုံး သဘာဝဓာတ်ငွေ့နှုန်းထားများ တိုးမြှင့်လိုက်ခြင်းကြောင့် ပြန်လည်မြင့်တက် လာခဲ့ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရ သိရှိရပါသည်။
ထုတ်လုပ်သူဈေးနှုန်းညွှန်းကိန်း (PPI) သည် ယခင်လက ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နောက် စက်တင်ဘာလတွင် ယခင်လကထက် ၀.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကိုရီယားဘဏ် (BOK) က ပြောကြားခဲ့ပါသည်။
စက်တင်ဘာလတွင် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ပိုက်လိုင်းရေတို့၏ ဈေးနှုန်းသည် ဩဂုတ်လတွင် မပြောင်းလဲဘဲ လစဉ်အခြေခံဖြင့် ၁.၁ ရာခိုင်နှုန်း တက်လာခဲ့ပါသည်။ ဈေးနှုန်းတက်လာရခြင်းမှာ နေအိမ်သုံးလျှပ်စစ် ၁၄.၄ ရာခိုင်နှုန်း နှင့် စက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့ခ ၅.၈ ရာခိုင်နှုန်း တက်လာခြင်းကြောင့် ဖြစ်ပါသည်။
ကုန်ပစ္စည်းပေးသွင်းသူများအကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းထွက်ကုန်များ ၏ ဈေးနှုန်းသည် ပြီးခဲ့သည့်လက ၀.၄ ရာခိုင်နှုန်း တက်လာခဲ့ပြီး ယခင်လက ၃.၄ ရာခိုင်နှုန်း တိုးတက် လာခြင်းထက် နှေးကွေးခဲ့ပါသည်။
စက်မှုလုပ်ငန်းထွက်ကုန်များဖြစ်သည့် ရေနံထွက်ကုန်များအပါအဝင် ထုတ်လုပ်သူဈေးနှုန်းသည် ဩဂုတ်လတွင် မပြောင်းလဲဘဲ စက်တင်ဘာလတွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၂ ရာခိုင်နှုန်း တက်လာခဲ့ပါသည်။
DOCA (ရန်ကုန်)
