Main menu

တာဂျစ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်သည် အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များဖြင့် နိဂုံးချုပ်ခဲ့

Powered by Drupal

            "Dushanbe Invest 2025" အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အပြီးတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံတန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၅၂ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း Asia-Plus News Agency က အောက်တိုဘာလ ၁၆ ရက်နေ့တွင် တာဂျစ်ကစ္စတန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက် ကို ကိုးကား၍ ဖော်ပြထားသည်။ သဘောတူညီချက်များတွင် စွမ်းအင်ကဏ္ဍ၌ အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ငါးခု၊ စက်မှုလုပ်ငန်းတွင် ဒေါ်လာ ၃၈၆ သန်းတန်ဖိုးရှိ သဘောတူညီချက်ကိုးခု၊ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် စုစုပေါင်းဒေါ်လာ ၃၃၄ သန်း တန်ဖိုးရှိ သဘောတူညီချက်ရှစ်ခု၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင် သဘော တူညီချက်လေးခုတို့ပါဝင်ပါသည်။ တယ်လီဖုန်းဆက်သွယ် ရေး ပရောဂျက်များ၊ ဒစ်ဂျစ်တယ် စီးပွား ရေး၊ အင်တာနက်အခြေခံအဆောက်အအုံ၊ 5G နည်းပညာနှင့် ဒစ်ဂျစ်တယ်ပညာရေး ဖွံ့ဖြိုးတိုးတက် မှုတို့လည်း အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ အဓိကသဘောတူညီချက်များထဲမှတစ်ခုမှာ Starlink Tajikistan နှင့် လိုင်စင်သဘောတူညီချက်ဖြစ်ပြီး Starlink ၏ကမ္ဘာလုံးဆိုင်ရာ  ဂြိုလ်တု အင်တာနက်ကွန်ရက် ကိုနိုင်ငံ သို့ဝင်ရောက်ခွင့်ပေးခြင်းဖြစ်သည်။ စွမ်းအင်ကဏ္ဍရှိ သဘောတူညီချက် များသည် နေရောင်ခြည်နှင့် လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဆောက်လုပ်ခြင်းအပြင် စွမ်းအင်လုံခြုံရေးကို အားကောင်းလာစေရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍စွမ်းအင်ကဏ္ဍတွင်ပညာပေးလုပ်ဆောင်မှုများအပြင်အသိပညာပေးခြင်းလုပ်ငန်းလုပ်ဆောင်မှုများအပေါ် အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။ "Dushanbe Invest 2025" ကို တာဂျစ်မြို့တော်တွင် အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ "Green Economy: ယနေ့ စဉ်ဆက်မပြတ်သော အနာဂတ်အတွက် အခွင့်အလမ်းများ" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ကြောင်းသိရ သည်။

DOCA (ရန်ကုန်)