
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၇၂၂၀၀၀) ပိဿာဝင်ရောက် ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၈၈၈၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၈၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါ သည်။
ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်အထက် ဈေးအနည်းငယ်ကျသွား ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)
