Main menu

မွန်ဂိုလီးယားနိုင်ငံတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် HSK လေ့လာမှု ပြပွဲ

Powered by Drupal

          ဒုတိယအကြိမ် တရုတ်ကျွမ်းကျင်မှု စာမေးပွဲ (HSK) လေ့လာမှု ပြပွဲကို မွန်ဂိုလီးယားနိုင်ငံ မြို့တော်၌ မကြာသေးမီက ကျင်းပခဲ့သည်။ ပြပွဲတွင် တရုတ်ထိပ်တန်းတက္ကသိုလ် ၂၈ ခုမှ ကိုယ်စား လှယ်များသည် မွန်ဂိုတရုတ်သင်ယူသူ ၅၀၀၀ ကျော်နှင့် HSK ကိုယ်စားလှယ်လောင်းများကို ဆွဲဆောင်နိုင်ခဲ့သည်။ ပြပွဲဖွင့်ပွဲအခမ်းအနားသို့ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Shen Minjuan မှ အောက်တိုဘာလ ၁၆ ရက်နေ့တွင် တက်ရောက်ခဲ့ပြီး တရုတ်နှင့် မွန်ဂိုလီးယားနိုင်ငံ တို့သည် နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်းပြောကြား ခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ သက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဌာန ညွှန်ကြားရေးမှူး Narangerel က အနာဂတ်တွင် နှစ်ဖက်စလုံးမှ ဉာဏ်ရည်တုနှင့် e-education သင်တန်းများကဲ့သို့ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ HSK အတွက် လျှောက်ထားသူဦးရေသည် ပျမ်းမျှနှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း ၈၁၀၀၀၀ ကျော်အထိ တိုးလာခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှ စတင်ကာ ကိုယ်စားလှယ်လောင်း ၇၀၀၀၀ ကျော်သည် HSK စာမေးပွဲကို ဖြေဆိုခဲ့ကြောင်းသိရသည်။ 

DOCA(ရန်ကုန်)