Main menu

ဘဏ္ဍာရေးနှစ်သစ်၏ ၃ လအတွင်း နီပေါတွင် ရင်းနှီးမြုပ်နှံမှု နှစ်ဆတိုးလာ

Powered by Drupal

          လက်ရှိ 2025-26 ဘဏ္ဍာနှစ် ပထမသုံးလတွင် နီပေါနိုင်ငံ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) သည် နှစ်ဆကျော် တိုးလာသည်ဟု စက်မှုဝန်ကြီး ဌာနက အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တွင်ပြောကြားခဲ့သည်။

          နီပေါနိုင်ငံသည် ဇူလိုင်လလယ်မှ အောက်တိုဘာလလယ်အတွင်း နီပေါရူပီး ၃၅.၁၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄၉.၄၂ သန်း) တန်ဖိုးရှိ FDI ကတိကဝတ်များကို ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် ရူပီး ၁၅.၄၂ ဘီလီယံမှ မြှင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

       ကတိကဝတ်များသည် အလုပ်အကိုင်သစ် ၃၃၈၁၄ ကိုဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ပရောဂျက်ပေါင်း ၃၁၁ ခုဆောင်ရွက်ရန်ဖြစ်ကြောင်း အဆိုပါဌာနက အစီရင်ခံစာတွင် ဖော်ပြထား သည်။

      သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍနှင့် ခရီးသွားကဏ္ဍကို ရင်းနှီးမြှုပ်နှံ သူများက အနှစ်သက်ဆုံးဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။

DOCA(ရန်ကုန်)