Main menu

ညောင်တုန်းမြို့နယ်မှ ထွက်ရှိသော ဆန်နှင့် ဆန်ကွဲများ ရန်ကုန်တင်ပို့မှု အခြေအနေ

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၄၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

   ညောင်တုန်းမြို့နယ် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၁၃၆၅၅၀အိတ်၊ တန်အားဖြင့် ၆၈၂၇ တန်နှင့်  ဆန်ကွဲအနေဖြင့် ၄၂၂၉၂ အိတ်၊ တန်အားဖြင့်၂၁၁၀တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၁၃၂၅၀ အိတ် နှင့် တန်အားဖြင့်  ၅၆၆၀ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၃၃၅၁၀ အိတ်နှင့် တန်အားဖြင့်၁၆၇၅တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၂၃၃၀၀အိတ် ပိုမိုတင်ပိုခဲ့ကြောင်းနှင့်  ၈၇၈၂အိတ် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)