Main menu

အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိသော ဓာတ်မြေဩဇာစက်ရုံ ၇ ခုတည်ဆောက်မည့် အင်ဒိုနီးရှား

Powered by Drupal

         အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတော်မြေဩဇာဖူလုံမှုအားကောင်းရန်အတွက် လာမည့် ၅ နှစ်အတွင်း ခေတ်မီ ဓာတ်မြေဩဇာစက်ရုံသစ် ၇ ခုကိုတည်ဆောက်မည်ဖြစ်ပြီး ၅ ခုကို ၂၀၂၉ ခုနှစ် တွင် ပြီးမြောက်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က တည်ဆောက်မည့်ဘက်ဂျက်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ပတ်လည်ရှိကြောင်း ဂျကာတာမြို့တော်ရှိ ဝန်ကြီးရုံးတွင်ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အောက်တိုဘာလ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။ စက်ရုံသစ်များသည် စွမ်းအင်သုံးစွဲမှုသက်သာပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျှော့ချရန် ကူညီပေးနိုင်ကြောင်း သိရပါသည်။ စက်ရုံ ဟောင်းများသည် ၎င်းတို့၏လည်ပတ်မှုကုန်ကျစရိတ်၏ ၄၃ ရာခိုင်နှုန်းကို ဂတ်စ်အတွက် ကုန်ကျခဲ့သော်လည်း စက်ရုံသစ်များမှာ ၂၂ မှ ၂၃ ရာခိုင်နှုန်းပတ်လည်သာ ကုန်ကျ ရန် မျှော်မှန်းရကြောင်း သိရပါသည်။  Sulaiman ၏အဆိုအရ ဆောက်လုပ်ရေးဘက်ဂျက်မှာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျှက်ရှိသည့် efficiency program မှဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက ဘက်ပေါင်းစုံပြန်လည်ဖွဲ့စည်းမှုသည် အစိုးရအား အမေရိကန်ဒေါ်လာ ၆၀၁ သန်းသက်သာစေပြီး ဓာတ်မြေဩဇာထုတ်လုပ်မှုကုန်ကျစရိတ်များကို ၂၆ ရာခိုင်နှုန်းထိ ဖြတ်တောက်ပေးနိုင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ ဓတ်မြေဩဇာစီမံခန့်ခွဲမှုပရိုဂရမ်များ သည် နိုင်ငံပိုင်ဓာတ်မြေဩဇာ လုပ်ငန်း PT Pupuk Indonesia အား အကျိုးအမြတ်ရရှိမှု မြင့်တက်စေခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ရူပီး အမေရိကန်ဒေါ်လာ ၁၅၀.၃ သန်းရရှိရန် ခန့်မှန်းရကြောင်း သိရပါသည်။  စက်ရုံသစ်များ တည်ထောင်ခြင်းသည် ဓတ်မြေဩဇာထုတ်လုပ်မှုကို ၂၀၂၉ ခုနှစ် တွင် တန် ၇၀၀၀၀၀ ထိမြင့်တက်ရန် အခွင့်အလမ်းများကို ဖန်တီးပေးကြောင်း သိရပါသည်။ ဝန်ကြီးက မူဝါဒသည် အစိုးရက စိုက်ပျိုးရေးသမားများအား ဓာတ်မြေဩဇာပြည့်စုံလုံလောက် စေရန်ပံ့ပိုးပေးမည်ဟု ကတိကဝတ်ပြုမှုကိုရောင်ပြန်ဟပ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်အတွင်းရေးအမှုဆောင်ဝန်ကြီး (Minister of State Secretariat ) Prasetyo Hadi က သမ္မတသည် ဝန်ကြီး Sulaiman အားနိုင်ငံပိုင်ဓာတ်မြေဩဇာစက်ရုံများ၏ အလားအလာကို တိုးချဲ့ရန် ညွှန်ကြားခဲ့ကြောင်းနှင့် သမ္မတသည် ဝယ်ယူနိုင်စွမ်းရှိပြီး အရည်အသွေးရှိသော ဓာတ်မြေဩဇာများသည် နိုင်ငံတော်အစားအစာဖူလုံမှု အားကောင်းရေးအတွက် အလွန်အရေး ပါသည်ဟု ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)