Main menu

တောင်ငူမြို့မှ ဈေးကွက်ဝင် အမွှေးနံ့သာတိုင်အကြောင်း တစေ့တစောင်း

Powered by Drupal

      တောင်ငူမြို့တွင် အမွှေးတိုင် ပြုလုပ်ရန်အတွက် ကုန်ကြမ်းများဖြစ်သော အမွှေးနံ့သာ အမှုန့်များအား ရန်ကုန်မြို့မှ မှာယူရကြောင်း သိရှိရပါသည်။ အမွှေးတိုင်ပြုလုပ်ရန်အတွက် ဝါးနှင့် အမွှေး နံ့သာမှုန့်များလိုအပ်ပါသည်။ အမွှေးနံ့သာမှုန့်များအား ရေနှင့်ဖျော်ပြီး ခုံပေါ်တွင် ဝါးတိုင်လေး များနှင့် လိပ်ရပါသည်။ ပြီးလျှင် ‌နေလှန်း၍ အခြောက်ခံရပါသည်။ အမွှေးတိုင်လေးများ ခြောက်လျှင် ပါကင်အိတ်နှင့်ထည့်၍ တံဆိပ်ကပ်ပြီးလျှင် ဈေးကွက်အတွင်းသို့ရောင်းချရန် အမွှေးတိုင်ထုပ်လေး များရရှိပြီဖြစ်ပါသည်။

  အမွှေးတိုင်ဈေးနှုန်းများအနေဖြင့် တစ်ထုပ်လျှင် (၄၅၀)ကျပ်နှင့် (၁၅၀၀)ကျပ်တန် အထုပ်လေးများရှိပါသည်။ ဈေးကွက်အနေဖြင့် တောင်ငူမြို့အနီးတဝိုက်ရှိ ဒေသတွင်းများမှ ဝယ်ယူရောင်းချကြကြောင်း သိရှိရပါသည်။ မြန်မာတို့၏ဘာသာရေးပွဲတော်များဖြစ်သော သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် သင်္ကြန် အခါရက်များတွင်ပိုမိုရောင်းချရပါသည်။

    ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ဘာသာရေးယုံကြည်မှုအရ အမွှေးတိုင်များအား ဘုရား ကပ်လှူပူဇော်ခြင်း၊ ရိုးရာဓလေ့ယုံကြည်မှုအရ ဘုရားများတွင် ယတြာချေခြင်းများပြုလုပ်ရာတွင် အမွှေးတိုင်များကို အသုံးပြုမှုများသောကြောင့် အမွှေးတိုင်လုပ်ငန်းများမှာ ရေရှည်တည်တံ့ခိုင်မြဲသော တပိုင် တနိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်နိုင်ကြောင်း လေ့လာသိရှိ သုံးသပ်မိပါသည်။

DOCA(ပဲခူး)