Main menu

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      အောက်တိုဘာလ၊ တတိယပတ်တွင် မင်းဘူးခရိုင် မင်းဘူးမြို့၊ မြို့မဈေး၌ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ အောက်တိုဘာလ ဒုတိယပတ်ထက် အနည်းငယ် ပြန်ကျလာသည်။ အောက်တိုဘာလ ယခုပတ်တွင် ကြက်သွန်နီ (၁) ပိဿာလျှင် (၃၅၀၀)ကျပ် ငရုတ်ခြောက် အရှည်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် (၃၅၀၀)ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မန်းကျည်း သီး(၁)ပိဿာလျှင် (၃၈၀၀)ကျပ်၊ ကုလားပဲခြမ်း(၁)ပိဿာလျှင် (၅၅၀၀)ကျပ်ဖြင့် အကျမရှိပဲ ဈေးငြိမ်နေသည်ကို တွေ့ရသည်။

         စားသုံးဆီဈေးနှုန်းမှာလည်း နှမ်းဆီ(၁)ပိဿာလျှင် ယခုပတ်တွင် (၈၅၀၀)ကျပ်နှင့် ယခင် (10500) ကျပ်၊ ပဲဆီ(၁)ပိဿာလျှင်(၈၀၀၀)ကျပ်နှင့် ယခင်(၁၁၀၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင်(၆၀၀၀)ကျပ်နှင့် ယခင်(၉၀၀၀)ကျပ်ဖြစ်ကြောင်း စားသုံးဆီဈေး အနည်းငယ် ကျဆင်းလာကြောင်း  စားသုံးဆီရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)