Main menu

ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လနှင့် စက်တင်ဘာလ ပဲဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

        ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများသည် ယခင်ဩဂုတ်လတွင် ပဲဈေးကောင်းလျက်ရှိပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ သီးနှံ ဈေးနှုန်းများမှာကျလျက်ရှိပြီး မြို့တွင်းအရောင်းအဝယ်ရှိသော စားတော်ပဲ၊ ဘိုကိတ်၊ ပဲကြီးဈေး များမှာ အေးလျက်ရှိကြောင်းသိရှိရပါသည်။

မတ်ပဲ

          ဩဂုတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို ၅၄၅၀၀-၅၅၀၀၀ကျပ်၊ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၅၈၅၀၀-၅၉၀၀၀-၅၉၅၀၀ကျပ် ထိဈေးတက်လာခဲ့ပါသည်။  တတိယပတတွင် မတ်ပဲတစ်တင်းကို ၆၁၀၀၀-၆၂၀၀၀ကျပ်ထိ ဈေးတက်လာခဲ့ပြီး တစ်ရက်ကို အိတ် ၂၀၀/၂၅၀ခန့်သာ ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လစတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၆၁၀၀၀-၆၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စက်တင်ဘာလ ပထမပတ်တွင် မတ်ပဲဈေးပိုတက်လာပြီး ပဲတစ် တင်းကို ၆၇၀၀၀-၆၇၅၀၀-၆၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် ရန်ကုန်တင်ပို့မှုရှိပါသည်။ စက်တင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၆၆၀၀၀-၆၆၅၀၀-၆၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့် အဝယ် ရှိခဲ့ပါသည်။ စက်တင်ဘာလတတိယပတ်တွင် မတ်ပဲတစ်တင်းကို ၆၆၇၀၀-၆၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလနောက်ဆုံးပတ်တွင် မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၆၂၀၀၀-၆၂၅၀၀ခန့်သာရှိပြီး အရောင်းအဝယ်အေးလျက်ရှိပါသည်။

ပဲစင်းငုံ

          ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၄၉၅၀၀-၅၀၀၀၀-၅၀၅၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လဒုတိယ ပတ်တွင် ပဲစင်းငုံတစ်တင်းကို ၅၈၀၀၀-၅၉၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး တတိယပတ်တွင် ၆၁၀၀၀-၆၂၀၀၀ကျပ်ထိ ဈေးတက်ခဲ့ပါသည်။ ဩဂုတ်လ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ်၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၆၀၀၀-၆၇၀၀၀ကျပ်၊ တတိယပတ်တွင် ပဲစင်းငုံဈေးအေးနေပြီး တစ်တင်းကို ၆၇၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၄၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ်၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

          ဩဂုတ်လပတမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၃၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၅၃၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် တခါတရံ ရန်ကုန်တင်ပို့မှုရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ ဩဂုတ်လ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၅၀၀၀-၅၇၀၀၀ကျပ် ဖြင့် အဝယ်ရှိပြီး ဩဂုတ်လ တတိယပတ်တွင်  ကုလားပဲ(HL) တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဩဂုတ်လ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၅၀၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၅၀၀-၆၅၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ အဝယ်ရှိခဲ့ပါ သည်။ စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၆၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၆၀၀၀ကျပ်၊ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၈၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၈၀၀၀ ကျပ်ဖြင့် ခွဲစက်သမား တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ဖြစ်ခဲ့ပါသည်။ စက်တင်ဘာလ တတိယပတ်မှာ ကုလားပဲဈေးကျလာပြီး ကုလားပဲ(HL) တစ်တင်းကို ၆၆၅၀၀-၆၇၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၆၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကုလားပဲဈေးပိုမိုကျလာပြီး ကုလားပဲ(HL) တစ်တင်းကို ၆၁၀၀၀-၆၂၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၆၁၀၀၀-၆၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

          ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၆၅၀၀ကျပ် ၊ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၇၀၀၀-၃၈၀၀၀ကျပ်ဖြင့်  မြို့တွင်း အဝယ်တစ်ရက်ကို အိတ်  ၅၀/၁၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဩဂုတ်လ တတိယပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို ၄၀၀၀၀ကျပ် စတုတ္ထပတ်တွင် ဘိုကိတ်ပဲဈေးအေးပြီး ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ ပထမပတ်တွင် ပဲဈေးတက်လာပြီး ဘိုကိတ်ပဲ တစ်တင်းကို ၄၃၀၀၀ကျပ်၊ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၃၀၀၀ကျပ်ဖြင့် ဈေးအေး နေခဲ့ပါသည်။ စက်တင်ဘာလ တတိယပတ်မှာလည်း ဘိုကိတ်ပဲဈေးအေးနေပြီး တစ်တင်းကို ၄၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲ ဈေးကျလာပြီး ပဲတစ်တင်းကို ၄၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် တစ်ခါတစ်ရံ ရန်ကုန် အဝယ်ရှိခဲ့ပါသည်။

DOCA(ပဲခူး)