
မာလကာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် အများအပြား ပေါက်ရောက်လျက်တွေ့ရှိရသည်။ မာလကာမင် အမျိုးအစားအမျိုးအမျိုးလည်းရှိပါသည်။ မာလကာအူနီသီးလေးများတွင် အတွင်းသား ပန်းရောင်သမ်းနေတဲ့ အူနီလေးတွေက ပိုဆေးဖက်ဝင် တယ်လို့ရှေးလူကြီးတွေပြောလေ့ရှိပါတယ်။ ဆေးဖက်ဝင်တဲ့မာလကာအူနီသီးများတွင် ကျန်းမာရေး အတွက် သွေးတွင်းသကြားဓါတ်ကျစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အစာခြေစနစ်အတွက်ကောင်းမွန်စေခြင်း၊ ကိုယ်ခံအားမြှင့်တင်ပေးခြင်း စသော ကောင်းကျိုးများစွာလည်း ရှိပါသည်။ ပြည်မြို့နယ်အတွင်းရှိ မာလကာသီးများကို ဈေးကြီး များနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါသည်။ မာလကာသီး အူနီသီး တစ်လုံးလျှင် (၄၀၀-၈၀၀)ကျပ်ထိ ရှိကြောင်း သီးနှံရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(ပဲခူး)
