Main menu

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ အောက်တိုဘာလ(ဒုတိယ)ပတ်အတွင်း ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal

           ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ အောက်တိုဘာလ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန်(၃)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ အောက်တိုဘာလ(၈)ရက် မှ (၁၄)ရက်ထိ ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီ ပိဿာ(၅)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

           ဈေးနှုန်းဈေးကွက်အနေဖြင့် အောက်တိုဘာလ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၃၂၀၀)ကျပ် မှ (၂၇၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံး ဈေးနှုန်းမှာ (၂၆၀၀)ကျပ် မှ (၂၃၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေးများ မတူညီခြင်းကြောင့် ဈေး နှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံးဈေးနှုန်းမှာ (၂၇၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံး ဈေးမှာ (၃၂၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၄၇၅)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ကြောင်း၊ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က(၂၃၀၀)ကျပ်၊ ယခု(၁)ပတ် (၂၆၀၀) ကျပ်ဈေးနှုန်းဖြစ်၍ ယခင်(၁)ပတ်ထက် (၃၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခု(၁)ပတ်အတွင်း ပြည်ပအဝယ်သွက်၍ မြဝတီမြို့သို့ တင်ပို့မှုများကြောင်း၊ ပြည်ပပို့ကုန် ဝယ်လက်များကိုယ်တိုင် ဒေသတွင်းသို့ ဆင်းဝယ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်၍ အရောင်း အဝယ်သွက်နေကြောင်း ကုန်စည်ဒိုင်အသင်းဝင်ကုန်သည်ပွဲစားတစ်ဦးထံမှ သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၃၆၀၀/၃၅၀၀)၊ လတ်(ကြီး) ကျပ်(၃၄၀၀/၃၃၀၀)၊ လတ်(သေး) ကျပ်(၃၂၀၀/၃၁၀၀)၊ ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် အောက်တိုဘာလ(ဒုတိယ) ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မြဝတီမြို့များသို့ (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီ ပျှမ်းမျှ(၅) သိန်း၊ တန်ချိန်(၃)သောင်းဝန်းကျင်ခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါ သည်။

DOCA(မကွေး)