Main menu

ရာသီပေါ် ဆီးဖြူသီးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာ လမှ ဒီဇင်ဘာလအထိ ဆီးဖြူသီးများလှိုင်လှိုင်ထွက်ရှိရာ ဂျုတ်ကုန်း၊ လျောင်းတော်ဦး စသည့် ကျေးရွာများရှိ ဒေသခံများသည် ဆီးဖြူသီးများကိုလိုက်လံဝယ်ယူ၍ တဆင့်ပြန်လည် တင်သွင်း ရောင်းချကြောင်း သိရသည်။

   ဆီးဖြူသီးကို ဝယ်ယူရာတွင် ဆီးဖြူသီးပင်အလိုက် ဝယ်ယူကြောင်း၊ အသီးနုလျှင် ဝယ်ယူခြင်း မရှိဘဲ အသီးရင့်မှ သာဝယ်ယူကြောင်း  သိရသည်။ အလုံး အကြီး၊ အသေးပေါ်မူတည်၍ ဈေးသည် များကို (၁)ပြည်လျှင် ကျပ်(၂၅၀၀-၃၀၀၀)ဖြင့် ပြန်လည်ရောင်းချသလို အဓိကမှာ တောင်တွင်းကြီး မြို့ပေါ်ရှိ ဆီးဖြူသီးခွဲစက်သို့ (၁)တင်းလျှင် ကျပ်(၁၁၀၀၀)ဖြင့် တင်သွင်းရောင်းချကြောင်း ဆီးဖြူသီး လိုက်လံဝယ်ယူသူထံမှ သိရသည်။  ဆီးဖြူသီးခွဲစက်မှ ဆီးဖြူသီးကို အမှုန့်ပြုလုပ်၍ ဒေသတွင်း မြို့နယ်/ ကျေးရွာများရှိ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများတွင် ရောင်းချကြောင်းနှင့် အမှာရှိလျှင် ပို၍ ရောင်းရ ကြောင်းလည်း သိရှိရပါသည်။

DOCA(မကွေး)