
မွန်ဂိုလီးယားနိုင်ငံ မြို့တော်ရှိ တစ်ပတ်ရစ် တိုက်ခန်းများအတွက် တစ်စတုရန်းမီတာလျှင် ပျမ်းမျှစျေးနှုန်းသည် စက်တင်ဘာလတွင် Mongolian Tugriks ၄.၇ သန်း (အမေရိကန်ဒေါ်လာ ၁၃၀၈) သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းရုံးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင်၊ Ulan Bator ရှိ အသစ်ဆောက်လုပ်ထားသော တိုက်ခန်းများ၏ တစ် စတုရန်းမီတာလျှင် ပျမ်းမျှစျေးနှုန်းသည် စက်တင်ဘာလတွင် Mongolian Tugriks ၄.၈ သန်း (၁၃၃၅ ဒေါ်လာ) ဖြစ်ပြီး ယမန်နှစ် အလားတူကာလထက် ၁၃.၅ ရာခိုင်နှုန်း မြင့်တက်လာမှုကို ထင်းဟပ်စေ သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ သိသာထင်ရှားစွာ မြင့်တက်လာမှုသည် အိမ်ခြံမြေ ဝယ်လိုအား တိုးလာခြင်းနှင့် ဆက်စပ်နေကြောင်းပြောကြားခဲ့ကြသည်။
မွန်ဂိုလီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေကျဲပါးသောနိုင်ငံဖြစ်သည်။ သို့သော်လည်း အိမ်ရာသည် မွန်ဂိုလီးယားနိုင်ငံ၏ လူဦးရေ ၃.၅ သန်း၏ ထက်ဝက်ကျော်နေထိုင်သော Ulan Bator တွင် အကြီးမားဆုံးသောပြဿနာတစ်ခုဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံ၏ မြို့တော်တွင် နေထိုင်သူ ထက်ဝက်ကျော်သည် ရေသွယ်တန်းခြင်း၊ ဗဟိုအပူပေးစနစ် သို့မဟုတ် ရေဆိုးမြောင်းစနစ်များ မရှိဘဲ နေထိုင်ကြောင်းသိရသည်။
DOCA (ရန်ကုန်)
