Main menu

တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍသည် ပထမ ၉ လအတွင်း ခိုင်မာသောတိုးတက်မှုရရှိ

Powered by Drupal

        တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လအတွင်းပါဆယ် ၁၄၅.၀၈ ဘီလီယံကို ဝန်ဆောင်မှုပေးခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၇.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

        အမြန်ချောပို့ဝန်ဆောင်မှုများ ပါဝင်သည့် တရုတ်နိုင်ငံ၏ ပိုမိုကျယ်ပြန့်သော စာပို့လုပ်ငန်း ကဏ္ဍသည် ဤကာလအတွင်း စုစုပေါင်း ပါဆယ် ၁၅၈.၂၆ ဘီလီယံကို ဝန်ဆောင်မှုပေးခဲ့ပြီး ယခင် နှစ်ကထက် ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နိုင်ငံတော် စာတိုက်ဌာန၏ အဆိုအရ သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ စာပို့လုပ်ငန်း၏ လုပ်ငန်းဝင်ငွေသည် ယွမ် ၁.၃၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈၄.၇၂ ဘီလီယံခန့်) ကျော်အထိ စုစုပေါင်းရရှိခဲ့ပြီး ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အထူးသဖြင့် အမြန်ပို့ဆောင်ရေးမှ ဝင်ငွေသည် ယွမ် ၁.၀၉ ထရီလီယံအထိ ရရှိခဲ့ပြီး ၈.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရပါသည်။

         ထိုကာလအတွင်း မြို့တွင်းအမြန်ပို့ဆောင်မှုသည် ပါဆယ် ၁၁.၈၇ ဘီလီယံအထိ ရှိခဲ့ရာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဒေသဖြတ်ကျော် ပို့ဆောင်မှုများသည် ၁၈.၆ ရာခိုင်နှုန်းတိုးလာကာ ပါဆယ် ၁၃၀.၁၇ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)