
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ် ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၅.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦးကိုလူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက် လက်လာစေရန် ရည်ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေးကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပထမဦးစွာ စားသုံးသူရေးရာဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်လို အပ်ကြောင်းကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးစီးမှူး ဒေါ်အေးအေးခိုင်က သီးနှံများး၏ အမျိုးအစားအလိုက် စားသုံးမှု၊ မျိုး၊ အလေအလွင့် သုံးစွဲတွက်ချက်မှုဆိုင်ရာ တင်ပြချက်များ ခေါင်းစဉ်ဖြင့် ဝန်ထမ်းငယ်များ ဗဟုသုတရရှိစေရေး ရည်ရွယ်၍ ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ ဆွေးနွေးပို့ချချက်များ အပြီးတွင် သင်တန်းသားများမှ မရှင်းလင်းသည်များကို မေးမြန်းခြင်း အပေါ် ပြန်လည်ရှင်းလင်းပြော ကြားခြင်း အစီအစဉ်ကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီး အဆိုပါ သင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
EYDNS (DOCA ဧရာဝတီ)
