
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးကို မင်းဘူးမြို့အနီး ကျောက်တံခါးရွာ၊ စကု၊ ပွင့်ဖြူ၊ မကွေးနှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၃၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ဒုတိယပတ်)တွင် ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ရောင်းချ ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ် ကြောင်း သိရသည်။ ယခုအချိန်တွင် ခရမ်းစိုက်ပျိုးရာဒေသများ၌ အထွက်နှုန်းလျော့နည်း လာသည့် အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)
