
ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့်ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း နှမ်း အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၃၀၅၀၀၀ကျပ်နှင့် ၃၁၅၀၀၀ကျပ်၊နှမ်းညို(သစ်) ၂၆၅၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာ စျေး မှာ နှမ်းဖြူ(ဂျပန်)၆၇၇၈ကျပ်နှင့် ၇၀၀၀ ကျပ်၊နှမ်းညို(သစ်) ၅၈၈၉ ကျပ်နှင့် ၆၁၁၁ ကျပ်စျေးတို့ ဖြစ်ပေါ် လျက်ရှိကြောင်းသိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ရိုးရိုး) ၈၃၃၃ ကျပ်နှင့် ၈၅၅၅ ကျပ်၊ နှမ်းညို ၆၀၀၀ ကျပ်နှင့် ၆၃၃၃ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် နှင့်ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)
