Main menu

ပိတ်ဆို့အရေးယူမှုများဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှရေနံဝယ်ယူမှုကို သိသိသာသာ ဖြတ်တောက်ရန်အသင့်ရှိ

Powered by Drupal

              မော်စကိုမြို့၏ ဝင်ငွေလမ်းကြောင်းကို ချုပ်ကိုင်ရန် ရုရှားနိုင်ငံမှ ရေနံထုတ်လုပ်သူ ၂ ဦးအား အမေရိကန်နိုင်ငံမှ ပိတ်ပင်မှုများပြုလုပ်အပြီးတွင် အိန္ဒိယနိုင်ငံမှ ရေနံသန့်စင်ရေး လုပ်ငန်းရှင်များသည် ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကို သိသိသာသာလျော့ချရန် အသင့်ရှိကြောင်း စက်မှု သတင်းရင်းမြစ်များက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် မော်စကိုမှ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၇ သန်းခန့်တင်သွင်းခဲ့ပြီး ရုရှားနိုင်ငံ၏ ပင်လယ်ဖြတ်ရေနံအများဆုံး ဝယ်ယူသည့်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ရုရှားနိုင်ငံမှ ရေနံများသည် အမေရိကန်နိုင်ငံအတွက် အိန္ဒိယနိုင်ငံနှင့် ကာလကြာ ကုန်သွယ်ရေးဆွေးနွေးမှုတွင် ကတိကအောက်ဖြစ်စေသည့် အကြောင်းအရင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခြင်းသည် ရုရှားနိုင်ငံမှ ရေနံများဝယ်ယူမှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ ရေနံစည်ထိပ်သီးဝယ်ယူသည့် ပုဂ္ဂလိကပိုင်ကုမ္ပဏီဖြစ်သည့် RELI.NS သည် ရုရှားရေနံစိမ်း တင်သွင်းမှုကို တစ်ဝက်ခန့်လျော့ချ မည်ဖြစ်ကြောင်း သိရပါသည်။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အမေရိကန်သမ္မတ Donald Trump သည် Russia နိုင်ငံမှ ရေနံထုတ်လုပ်သည့် ကုမ္ပဏီ ၂ ခုဖြစ်သော Lukoil LKOH.MM နှင့် Rosneft ROSN.MM တို့အား ပိတ်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံမှ ရေနံသန့်စင်သူများသည် ရုရှားနိုင်ငံမှ ရေနံများကို ဝယ်ယူရာတွင် ပွဲစားများမှ တစ်ဆင့်ဝယ်ယူရသဖြင့် Rosneft နှင့် Lukoil ကုမ္ပဏီများမှ ဝယ်ယူမှုနည်းပါးကြောင်း သိရပါသည်။ Gujarat ပြည်နယ်အနောက်ပိုင်း Jamnagar တွင် ကမ္ဘာ့အကြီးဆုံးရေနံသန့်စင်သည့် အဆောက်အဦအား လည်ပတ်နေသည့် Reliance သည် ရုရှားနိုင်ငံ Rosneft ထံမှ ရေနံစည်ပေါင်း ၅၀၀၀၀၀ ခန့် ဝယ်ယူရန် ကာလကြာသဘောတူညီမှုရှိခဲ့ကြောင်းနှင့် အဆိုပါ ရေနံသန့်စင်သည့် ကုမ္ပဏီသည် ပွဲစားများမှတစ်ဆင့် ရုရှားနိုင်ငံမှ ရေနံများကို ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)