Main menu

မင်းဘူးမြို့၊ မြို့မဈေး၌ ဝါးဥများ အရောင်းအဝယ်သွက်ပြီးဈေးကောင်းလျက်ရှိ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ စကု၊ ပွင့်ဖြူမြို့များမှ ထွက်ရှိသည့် ဝါးဥများသည် ၂၀၂၅ခုနှစ် အောက်တိုဘာလ (ပထမပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဝါးဥ(၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ပထမပတ်) ပေါ်စအချိန်ကအတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်း အဝယ်သွက်ပြီး ဈေးကောင်းလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)