
ထိုင်းနိုင်ငံ၏ တင်ပို့ကုန်များသည် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံမှ တင်ပို့မှုများ မြင့်တက်လာသဖြင့် ဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ်အတွက်ထုတ်ပြန်ခဲ့သော ခန့်မှန်းချက်ထက် ကျော်လွန်လျက်ရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစီးပွားရေး အဓိကမောင်းနှင့်တံဖြစ်သည့် တင်ပို့ကုန်များသည် ယခင်နှစ်ထက် ၁၉ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ၄၂ လအတွင်း အလျင်မြန်ဆုံး တိုးတက်မှုနှုန်းဖြစ်ကြောင်းနှင့် လေ့လာသူများ၏ ခန့်မှန်းချက်ထက် ၇ ရာခိုင်နှုန်းခန့် ကျော်လွန်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ၏ အခွန်ကောက်ခံမှုအပေါ် ရှင်းလင်းပြတ်သားစွာ တင်ပို့မှုများ အရှိန်မြှင့်တင်ခဲ့ကြောင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး ပတ်ဝန်းကျင် တိုးတက်ရေးကို အထောက်အပံ့ပေးခဲ့သော အစောပိုင်းကာလများနှင့် နှိုင်းယှဥ်လျှင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးပမာဏ ဖြေလျော့ချခြင်း လက္ခဏာများ ထွက်ပေါ်လာခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရပါသည်။ စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၏ အဓိက စျေးကွက်ဖြစ်သော အမေရိကန်နိုင်ငံသို့ တင်ပို့မှုများ တစ်နှစ်ထက်တစ်နှစ် ၃၅.၃ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ယခင်က ၃၆ ရာခိုင်နှုန်းကောက်ခံမည်ဟု ကြေညာခဲ့ရာမှ ၁၉ ရာခိုင်နှုန်းသာ ကောက်ခံမည်ဟု အခွန်ကောက်ခံချက်အသစ် ထုတ်ပြန်ခဲ့ပါသည်။ ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ကုန်သွယ်ရေးဘောင်များကို သဘောတူညီခဲ့ပြီး ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံမှ တင်သွင်းသော ပစ္စည်း ၉၉ ရာခိုင်နှုန်းခန့်အပေါ် အခွန်ကောက်ခံမှု ဖယ်ရှားခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ တင်ပို့ကုန်များသည် ၂၀၂၅ ခုနှစ် ပထမ ၉ လတာ ကာလအတွင်းတွင် ယခင်ခန့်မှန်းချက်ထက် ကျော်လွန်၍ တစ်နှစ်ထက်တစ်နှစ် ၁၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကျန်ရှိနေသာ ၃ လအတွင်းတွင်လည်း တင်ပို့ကုန်များကို ဆက်လက်မြင့်တက်ရန် မျှော်လင့်ကြောင်း Nantapong က ပြောကြားခဲ့ပါသည်။ စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၏ တင်သွင်းကုန်များသည် ခန့်မှန်းချက် ၁၀.၆ ရာခိုင်နှုန်းထက်ကျော်လွန်၍ တစ်နှစ်ထက်တစ်နှစ် ၁၇.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁.၂၈ ဘီလီယံခန့်ရရှိရန် ဦးတည်နေကြောင်း သိရပါသည်။ သို့ရာတွင် ဆန်တင်ပို့မှုများသည် ယခုနှစ်တွင် တန်ချိန် ၅.၈ သန်း မက်ထရစ်တန်ချိန်ခန့်သာ တင်သွင်းနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၁၅.၆ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း သိရှိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
