
မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျှက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၈၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန် ၇၂၀၀ကျပ်နှင့် ၇၆၅၀ကျပ်၊ အနီလုံးဆန် ၇၆၀၀ ကျပ်နှင့် ၈၂၀၀ကျပ် တို့ဖြစ် ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၇၈၀၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ S1 ဆီဆန် ၆၅၀၀ကျပ်နှင့် ၇၂၀၀ ကျပ်၊S1 ရွေးဆန် ၇၅၀၀ကျပ်နှင့် ၇၆၀၀ကျပ်၊ အနီလုံးဆန် ၇၄၀၀ ကျပ်၊အနီဆီဆန် ၆၇၀၀ကျပ်နှင့်၆၈၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်နှစ်နှင့် ယခု နှစ်ကာလတူ မြေပဲဆန်ပေါက်စျေးနှိုင်းယှဉ်ပါက စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)
