
စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လတတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ) ၃၂၀၀၀၀ကျပ်နှင့် ၃၃၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၄၈၀၀၀၀ ကျပ်နှင့် ၅၁၀၀၀၀ ကျပ်၊ တစ်ပိဿာ လျှင်စားတော်ပဲ (ကနေဒါ) ၅၄၀၁ကျပ်နှင့် ၆၅၈၂ကျပ်၊စားတော်ပဲ(ကျွန်း)၈၁၀၁ကျပ်နှင့် ၈၆၀၈ ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စျေးမှာ စားတော်ပဲ(ကနေဒါ) မှာ ၉၇၈၉ကျပ်နှင့် ၉၈၇၃ကျပ်၊စားတော်ပဲ (ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၂၃၉ကျပ်ဖြစ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက စားတော်ပဲ(ကနေဒါ)စျေးမှာကျဆင်းသွား ပြီး၊စားတော်ပဲ(ကျွန်း)စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)
