
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲထောပတ်(ဂေါက်) ၂၉၅၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ ပဲထောပတ် (ကြီး)၂၈၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲထောပတ်(ဂေါက်) ၅၂၄၄ ကျပ်နှင့် ၅၃၃၃ကျပ်၊ ပဲထောပတ် (ကြီး) ၄၉၇၈ကျပ်နှင့် ၅၁၅၆ကျပ်တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၇၄၆၇ ကျပ် စျေးဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။
DOCA (မန္တလေး)
