
မြင်းခြံမြို့နယ်ရှိ လက်လီလက်ကားရောင်းချသော အေးမြသီတာဈေးတွင် စားဖိုဆောင်အုပ်စုဝင်သီးနှံဖြစ်သော ထိုင်ဝမ်ခရမ်းရှည်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့ရှိ ကုန်စိမ်းပွဲရုံများမှ မှာယူ၍ ဒေသတွင်း တင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် ခရမ်းရှည်သီးတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်ရောင်းချ လျက်ရှိကြောင်း၊ ယခင် စက်တင်ဘာလ ဒုတိယပတ်တွင် ပေါ်ဦးပေါ်ဖျားခရမ်းရှည်သီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ကာလ တူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက် ခရမ်းရှည်သီးတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်းတွင် မိုးရွာသွန်းမှုများသောကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ ထိုင်ဝမ်မျိုးဖြစ်သော ခရမ်းရှည်သီးသည် စားသုံးရာတွင် နူးညံ့ပြီးချိုမြသောကြောင့် ဝယ်ယူစား သုံးမှုများပြားကြောင်း၊ အိမ်ရှင်မများအတွက် ဈေးနှုန်းချိုသာကြောင့် ဈေးကွက်၌တွင်တွင် ကျယ်ကျယ် ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
