Main menu

မြင်းခြံဆောင်းကြက်သွန်နီဈေးနှုန်းများကျဆင်းလာခြင်း

Powered by Drupal

           မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော တလုပ်ရွာ၊ တောပု၊ နနွင်းတော်ဘိုး၊ကံဆွယ်၊ ကံဆင့်၊လက်ဝဲနှင့် မြင်းနီကျေးရွာတို့သည် ဆောင်းကြက်သွန်နီများကို စီးပွားဖြစ်      စိုက်ပျိုးကြကြောင်း၊  ၎င်းကျေးရွာမှ ထွက်ရှိသော ဆောင်းကြက်သွန်နီများသည် အရည်အသွေးကောင်ပြီး၊ သိုလှောင်ခံ၍ ပထမတန်းစား ကြက်သွန်နီဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းလည်းရရှိကြောင်း၊ ဆောင်းကြက်သွန်နီ များကို ဧပြီလမှ စက်တင်ဘာလ အထိသိုလှောင်ကြပြီး၊ သိုလှောင်ကာလ (၆)လ ကြာသိုလှောင်နိုင်၍ ဒီဇင်ဘာလတွင်ဆောင်းကြက်သွန်နီများ ရာသီချိန်ကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။

            မြင်းခြံမြို့ရှိ ပွဲရုံများတွင်  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ ရောင်းချလျှက်ရှိသော ကြက်သွန်နီ ကြီးစတစ်ပိဿာလျှင်(၉၀၀-၁၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၇၀၀-၈၀၀)ကျပ်ခန့် ၊အသေးစတစ်ပိဿာလျှင် (၅၀၀-၆၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါကယခုလတွင်ဆောင်းကြက်သွန်နီ ဈေးနှုန်းများအနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ရာသီချိန်ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် အရည်အသွေးကျဆင်းပြီး ဈေးနှုန်းများကျဆင်းခြင်းဖြစ် ကြောင်းသိရှိရသည်။ စိုက်ပျိုးထွက်ရှိရာကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့  နေ့စဉ်ကုန်ချိန် (၅၀၀၀၀-၇၀၀၀၀)ပိဿာခန့် တောင်သူများကိုယ်တိုင်လာရောက် ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များသို့တင်ပို့ကြောင်း၊ ယခုအောက်တိုဘာလ၊ တတိယပတ်တွင်ကုန်ချိန်ပေါင်း (၁၈၇၃၉၁) ပိဿာခန့်၊ တန်ချိန် (၃၀၆)တန် တင်ပို့နိုင်ခဲ့ကြောင်း ကြက်သွန်အရောင်း အဝယ်လုပ်ကိုင်သူ ကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA (မန္တလေး)