Main menu

ဩစတြေးလျ၏ နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၇၈ ဘီလီယံအထိ တိုးလာ

Powered by Drupal

         ဩစတြေးလျနိုင်ငံ၏ စုစုပေါင်းကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်သည် ၂၀၂၃-၂၄ ခုနှစ်တွင် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစိုးရအစီရင်ခံစာတစ်စောင်အရ သိရှိရပါသည်။

         ဩစတြေးလျ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (AIHW) မှ အစီရင်ခံစာတွင် ၂၀၂၃-၂၄ ခုနှစ်အတွင်း ဩစတြေးလျသည် ကျန်းမာရေးဆိုင်ရာပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ဩစတြေးလျဒေါ်လာ ၂၇၀.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇၈.၁၂ ဘီလီယံခန့်) သုံးစွဲခဲ့ပါသည်။ ၎င်းသည် ၂၀၂၂-၂၃ ခုနှစ်မှ ၁.၁ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

           ၂၀၂၃-၂၄ ခုနှစ်တွင် သြစတြေးလျနိုင်ငံ၏ GDP ၏ ၁၀.၁ ရာခိုင်နှုန်းသည် ကျန်းမာရေးစောင့်ရှောက်မှုအသုံးစရိတ်ဖြစ်ပြီး ယခင်နှစ် ၉.၉ ရာခိုင်နှုန်းမှ တိုးလာသော်လည်း ၂၀၂၀-၂၁ ခုနှစ်တွင် စံချိန်တင်ခဲ့သည့် ၁၀.၇ ရာခိုင်နှုန်းအောက် လျော့နည်းနေကြောင်း သိရသည်။

          အစီရင်ခံစာအရ ၂၀၂၃-၂၄ ခုနှစ်တွင် အစိုးရ၏ စုစုပေါင်းအသုံးစရိတ်သည် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ တစ်ဦးချင်းနှင့် ပုဂ္ဂလိက ကျန်းမာရေးအာမခံလုပ်ငန်းများအပါအဝင် အစိုးရမဟုတ်သော အရင်းအမြစ်များမှ အသုံးစရိတ်မှာ ၃.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)