
ပြင်ဦးလွင်မြို့နယ်ရဲ့ အခြေခံလူတန်းစား တောင်သူအများစုမှာတစ်နှစ်လျှင်နှစ်သီးစားသီးနှံ ဖြစ်သော ပန်းမာလ်ကို မိရိုးဖလာဘိုးဘွားလက်ထက်ကတည်းက တစ်မျိုးတည်းကို တစ်စိုက်မက်မက် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိပါသည်။လုပ်အားခ အရှုံးပေါ်တဲ့နှစ်တွေရှိသလို အမြတ်များများရတဲ့ နှစ်တွေလည်းများများကြုံတွေ့ကြရပါသည်။ ပန်းမာလ်စိုက်ပျိုးရာတွင် နွေရာသီမှာထွက်ပေါ်သော ပန်းမာလ်များကို နွေပန်းအုပ်စုနှင့် မိုးရာသီမှာထွက်ပေါ်သော ပန်းကို မိုးပန်းအုပ်စုဟူ၍(၂)မျိုးခွဲခြား စိုက်ပျိုးထားတာတွေ့ရှိရပါသည်။ မိုးပန်းအုပ်စုများမှာ ဂန္ဓမာမျိုး(ကီလို)၊ ချယ်ရီ၊ ရွှေစိမ်း၊ ခိုင်ရွှေဝါ၊ ချက်စိမ်း၊စပယ်ဖြူ၊စပယ်ဝါ၊သဲနီ၊ငုရွှေဝါ၊ကျောက်စိမ်း၊ဖက်ရှင်၊ဒင်္ဂါး၊ခိုင်ဂျူး၊ကြွေဖြူတို့ကိုစိုက်ပျိုးကြပြီး သစ္စာပန်းအုပ်စုတွေဖြစ်တဲ့ စက္ကူဖြူ၊ ပတ္တမြားနီ၊ မိတ်ကပ်၊ အာကြား စသည်တို့စိုက်ပျိုးကြပါတယ်။ ယခုနှစ်ထွက်ပေါ်သည့် မိုးပန်းဂန္ဓမာအုပ်စု အထက်ဖော်ပြပါမျိုးများမှ ထိပ်စနှင့်အောက်စခွဲခြား၍ နယ်မြို့များသို့တင်ပို့ရောင်းချရာတွင် ထိပ်စ လက်ဆုပ်စည်း(အရိုင်းစည်း) တစ်စည်းလျှင်(၁၃၅၀၀/-) ကျပ်နှင့်အောက်စ လက်ဆုပ်စည်း(အရိုင်းစည်း) တစ်စည်းလျှင်(၇၈၀၀/-)ကျပ်စျေးရရှိကြပြီးသစ္စာပန်းအုပ်စုစျေးနှုန်းများမှာထိပ်စ(၅)ပင်စည်းတစ်စည်းလျှင်(၃၅၀၀-၄၀၀၀)ကျပ်ရှိပြီးအောက်စ(၅)ပင်စည်းတစ်စည်လျှင်(၂၀၀၀-၂၅၀၀)ကျ
ပ် စျေးနှုန်းများဖြင့် နယ်မြို့များဖြစ်သော ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် ပန်းမာလ်စျေးကွက်သို့ တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။
DOCA (မန္တလေး)
