Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Powered by Drupal

             မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခွဲကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀၀မှ ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင်ကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀၀မှ ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀၀မှ ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၉၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၀၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ တတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀၀မှ ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)