Main menu

ကန့်ဘလူမြို့ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံ များကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၆၉၅၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၇၂၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၇၃၅၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လ စတုတ္ထပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲ ထိုင်ဝမ်တစ်တင်း လျှင်(၆၅၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၄၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၅၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း၊ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများ နှင့်ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)