Main menu

ကန့်ဘလူမြို့နယ်တွင် ပဲဇီးကွက်သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း ပဲဇီးကွက်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၉၃၇၀၀)ကျပ်၊ အကွဲအနာပါလျှင် (၉၃၂၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ပဲဇီးကွက်သီးနှံကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)