မိတ္ထီလာနယ်တွင် ကြက်သွန်နီ လက်ကျန်နည်းလာပြီး အရည်အသွေးမှာလည်း ညံ့လာခြင်းကြောင့် နယ်စပ်ဒေသများသို့ တင်ပို့မှုမရှိတော့ကြောင်း သိရသည်။ အရည်အသွေးညံ့လာသော်လည်း လက်ကျန်နည်းခြင်းကြောင့် စျေးနှုန်းမှာ တစ်ပိဿာလျှင် ယခင်တစ်ပတ်က (၂၅၀၀ိ/- ၂၆၀၀ိ/-မှ ၃၀၀၀ိ/-) ကျော်ထိ မြင့်တတ်ခဲ့ပြီး ယခု အောက်တိုဘာလ တတိယပတ်မှာတော့ (၃၀၀၀ိ/-) အောက် အနည်းငယ်ပြန်လည်ကျဆင်းလာပါသည်။ မိတ္ထီလာမှ ယခုရက်ပိုင်း ရန်ကုန်သို့ တစ်ရက်လျှင် (၁၂) ဘီး ကား (၁) စီး ကုန်ချိန် (၁၇) တန် တင်ပို့နေပြီး ပဲခူးသို့ တစ်ရက်လျှင် (၆) ဘီးကား (၁) စီး ကုန်ချိန် (၇) တန် တင်ပို့နေကြောင်း သိရသည်။ ကုန်တင်ခမှာ ရန်ကုန်သို့ တစ်ပိဿာ (၁၀၀ိ/-) ၊ ပဲခူးသို့ (၁၀၀ိ/-) ရှိကာ တွဲကားများမှာ အပြန်ကုန်များပြီး (၆)ဘီးကား ၊ (၁၂)ဘီးကားတို့မှာ အပြန်ကုန်နည်းကြောင်း သိရသည်။
DOCA(မန္တလေး)