Main menu

မြိတ်ဒေသထွက်သဘာဝဝါးပလုတ်(ခ)ဝါးဂျယ်လီနှင့် စျေးနှုန်း

Powered by Drupal

      ဝါးပလုတ်(ခ)ဝါးဂျယ်လီ ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အဓိကထွက်ရှိသော သဘာဝအစားအစာ ဂျယ်လီအမျိုးအစားတစ်ခုဖြစ်ပါသည်။ နှစ်တစ်နှစ်၏မိုးဦးကာလများတွင်သာ ရရှိပြီး သဘာဝဝါးပင်မှရရှိသော အဆီအနှစ်ဖြစ်သောကြောင့် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ ဆေးဖက်ဝင်သောအစားအစာတစ်မျိုးလည်းဖြစ်ပါသည်။

      ဝါးပလုတ်(ခ)ဝါးဂျယ်လီပြုလုပ်ရာတွင် တပင်တိုင်ဝါးကိုအပင်အရင်းမှနေ၍ ပထမအဆစ်၏ အောက်နားမှာဓါးဖြင့်အပေါက်များကိုဖောက်ပြီး မိုးရွာသည့်အချိန်တွင် ထိုအပေါက်များမှ မိုးရေများ သည် ဝါးအတွင်းထဲသို့စိမ့်ဝင်ပြီး (၁ဝ) ရက်မှ (၁၅)ရက်ခန့် ကြာသည့်အချိန်တွင် သဘာဝဝါးပလုတ် ကိုရရှိမည်ဖြစ်ပါသည်။ သဘာဝ ဝါးပလုတ်(ခ)ဝါးဂျယ်လီ ကိုစားသုံးခြင်းအားဖြင့် နှလုံးအေးပြီး အမောသက်သာစေပါသည်။ အစာချေဖျက်မှုအားကောင်းပြီး အပှုငြိမ်းစေခြင်းကြောင့် ဖျော်ရည်များ တွင် ထည့်သွင်းသုံးစွဲကြသည်။

     ယခုနှစ်ရဲ့ ပေါ်ဦး ပေါ်ဖျား ဝါးပလုတ်ဈေးနှုန်းများမှာ (၁)လီတာဗူး တစ်ဗူး လျှင် ကျပ် (၃ဝဝဝ-၅ဝဝဝ)ကျပ်ထိ ဈေးဖြင့် အသီးသီးရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)