Main menu

ကန့်ဘလူခရိုင်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း

Powered by Drupal

           မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၂၄.ကန့်ဘလူခရိုင်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း၁၀.၂၀၂၅)ရက်နေ့တွင် ဓာတ်ဆီ(92)၊ ဓာတ်ဆီ(95) ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၈၂၀ကျပ်၊ 95 Octance ဓါ တ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၉၁၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၅၃၀ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၀၅၀ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ (၂၉၉၀)ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ (၃၀၉၀)ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ (၂၆၆၅)ကျပ်၊ ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ (၃၂၅၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ နောက်ဆုံးပတ်အတွင်း 92 Octance နှင့် 95 Octance ၊ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်ပရီမီယံ စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)